ချစ်သူ..သို့ (၁) တာရာမင်းဝေ

ချစ်သူ..သို့ (၁)

သံချေးတစ်ထပ်ရွှံ့တစ်ထပ်မို့လို့
သူတို့ရဲ့စိတ်အတင်အချကို
မင်း..ဘယ်လိုမှဖတ်ရမှာမဟုတ်ဘူး။

အာငွေ့မှုတ်သံတွေကြားမှာပဲ
ရယ်ကာမောကာ တစ်နွေလုံးပိတ်
ကိုယ့်ယဉ်ကျေးမှု နဲ့ကိုယ်အိပ်လိုက်ပေါ့ကွယ်။



ချစ်သူရေ
လောကရဲ့မာယာဆိုတာ
အတီးခံရတဲ့ဗုံတွေရဲ့ဂီတပါပဲ။

စစ်တုရင်တစ်ပွဲလုံးကို
ဆွဲမှောက်ခံလိုက်ရပေမယ့်
.....ဘာဖြစ်လဲ
ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့။

ယုံကြည်ထားစမ်း
ရေငွေ့ရေခိုးကလည်း
ပင်လယ်ကိုစိုက်ပျိုးနိုင်တယ်...ဆိုတာ..။ ။

တာရာမင်းဝေ