ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေး ကဗျာ

ငါ့အား.......
ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ ၊
ယင်းမှောင်မိုက် အတွင်းမှနေပြီး အနိုင်မခံ ၊
အရှုံးမပေးလိုသော ငါ့စိတ်ကို
ဖန်ဆင်းပေးသူ နတ် ၊ သိကြားတို.အား
ငါသည် ကျေးဇူးစကားဆိုပါ၏။


လောကဓံတရား၏ လက်ခုပ်တွင်းသို.
ဘယ်လိုပင်ကျရောက်စေကာမူ
ငါကား မတုန်လှုပ် ၊ မငိုကြွေး
ကံတရား၏ ၊ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည်
သွေးသံတို.ဖြင့် ရဲရဲနီနေ၏
သို.သော် ညွှတ်ကား ၊ မညွှတ် ။

လောဘ ၊ ဒေါသ တို.၏
ကြီးစိုးရာ ဌာန၏  အခြားမဲ့ကား
သေခြင်းတရားသည်
ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏ ။
သို.ပင်မူ  ငါ့အား
မတုန်မလှုပ်သည်ကိုသာ တွေ.ရအံ့
နောင်ကိုလည်း ဘယ်တော့မှ
မကြောက်သည်ကို တွေ.ရပေအံ့ ။